Archive

Archive for the ‘စာရေးဆရာအလိုက်’ Category

ဘင်လာဒင်အလွန် ပါကစ္စတန်အကြောင်း ပါဗက်ဇ်မူရှာရက်ဖ်နှင့် အမေးအဖြေ

မတည်ငြိမ်မှုက တိုးပွားလာနေတယ် ထင်တာပဲ
ဘင်လာဒင်အလွန် ပါကစ္စတန်အကြောင်း ပါဗက်ဇ်မူရှာရက်ဖ်နှင့် အမေးအဖြေ

7 Day News 10-9.pdf  စာမျက်နှာ – ၄၆

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ အလက်ဆန်အိုတာရာ (ရဲမင်း)

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ အလက်ဆန်အိုတာရာ (ရဲမင်း)
7 Day News 10-9.pdf  စာမျက်နှာ – ၄၅

နန်းကျဘုရင် ဟို့စနီမူဘာရက် (ကြည်နေ၀င်းမင်း)

နန်းကျဘုရင် ဟို့စနီမူဘာရက် (ကြည်နေ၀င်းမင်း)

7 Day News 10-9.pdf  စာမျက်နှာ – ၃၆

လွတ်တော်နိုင်ငံရေး – ဒေါက်တာမြတ်ဥာဏစိုး (NDF)

လွတ်တော်နိုင်ငံရေး – ဒေါက်တာမြတ်ဥာဏစိုး (NDF)

7 Day News 10-9.pdf  စာမျက်နှာ – ၃၂

သတင်းစာတခေတ်က ပင်တိုင်ဆောင်းပါးရှင် (ချမ်းငြိမ်း)

သတင်းစာတခေတ်က ပင်တိုင်ဆောင်းပါးရှင် (ချမ်းငြိမ်း)

ဖတ်ရှုရန် – 7 Day News 10-9.pdf  စာမျက်နှာ – ၂၆

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

Wednesday, May 18, 2011

လူထုစိန်ဝင်း

(၂၀၁၁ ခုနှစ် မတ် ၁၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာက လွတ်လပ်ရေး ရပြီးထဲက ဘယ်အစိုးရ လက်ထက်မှာမှ တရားဥပဒေကို လိုက်နာတဲ့ အစိုးရ မရှိသေးဘူးလို့ ဆိုသွားသလို ကွန်မြူနစ်ဝါဒဟာ အာဏာရှင် စနစ် မဟုတ်ဘူးလို့ ဆိုသွားတာကို သုံးသပ်နိုင်ဖို့ မျှဝေ ပေးလိုက်ပါတယ်။)

လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့ တိုင်းပြည် နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘော အကြိုက်ညီဆုံး အဖြေကတော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲ ဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ဖို့ပဲ အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနား နေကြမှာပဲ။

ဒီလို ကွဲပြား ခြားနား တာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွား နေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုး တစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ တရား ဥပဒေကို တိတိကျကျ လေးစား လိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

Read more…

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်)
စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ အပိုင်း(၁)
မင်းဟန် | ကြာသပတေးနေ့၊ ဧပြီလ ၀၉ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၄၄ မိနစ် ဆောင်းပါး
(ဝ)
`ထီးမူးခီး`ရွာက ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်အကြားရှိသည့်
တောင်ပေါ်ရွာလေးဖြစ်သည်။ မြန်မာလိုပြန်လျှင်မူ `ရေချောင်းဖျား`ရွာဟု ဆိုရမည်။ ရွာက
အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင်လူမျိုးများသာ နေထိုင်ကြသည့် တောင်ပေါ်
ကရင်ရွာလေးဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ၏။ တတောင်ဆင်း တတောင်တက်
သွားရသည့် ခြေလျင်ခရီးသာ ရှိသည်။ စီးပွားရေးက မြေယာစီးပွားရေးသာ ရှိ၏။
Read more…

တော်လှန်ရေး ဂလိုဘယ်လိုက်ဇေးရှင်း

ဂါမဏိ

ဖေ့စ်ဘွတ်၊ တွစ်တာတို့လို လူမှုဆက်သွယ်ပေါင်းဖော်ရေး ဝက်ဆိုက်တွေအကြောင်း၊ အိဂျစ်တော်လှန်ရေးအ ကြောင်းတွေ နားထောင်ကြည့်လိုက်ရင် အိဂျစ်အာဏာရှင် မူဘာရတ်ကို ဖြုတ်ချခဲ့တာက အိဂျစ်ပြည်သူတွေမ ဟုတ်ဘဲ (အမေရိကန်နိုင်ငံက ကွန်ပျူတာ/အင်တာနက်လုပ်ငန်းစု အခြေစိုက်ရာ) ဆီလီကွန်တောင်ကြားကပဲ ဖြုတ်ချခဲ့သလိုလို ထင်ရပါတယ်။

အနောက်တိုင်းဟာ အဆင့်မြင့်နည်းပညာတွေရဲ့ စွမ်းပကားနဲ့ အာရပ်အုံကြွပုန်ကန်မှုကို ဆောင်ကျဉ်းပေးခဲ့ တယ်လို့ အနောက်အုပ်စုက ကိုယ့်ဖာသာကိုယ် အထင်ရောက်နေပါတယ်။ အင်တာနက်ဆိုတာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စီမံကိန်းကနေ ပေါ်ထွက်လာတာဖြစ်လို့ အာရပ်တော်လှန်ရေးကို လန်ဒန်နဲ့ လော့စ် အိန်ဂျယ်လိက အင်တာနက်အမြဲတက်နေတဲ့ ခေတ်လွန်လူငယ်တွေကို အတုယူနေတဲ့ အိဂျစ်လူငယ်တွေနဲ့ တွဲပြီး ပင်တန်ဂွန်ကပဲ လုပ်ခဲ့သလိုလို ပြောနေပါတယ်။

Read more…

ဘင်လာဒင်နဲ့ အိုဘားမား

Posted by Popular News on May 13th, 2011

အမေရိကန် အထူးတပ်ဖွဲ့ဝင် တွေဟာ အိုစမာ ဘင်လာဒင်ကို လက်ရဖမ်းဆီးရမယ့်အစား ခေါင်းကို သေ နတ်နဲ့ပစ်ပြီး အသေဖမ်းခဲ့တာ ကြောင့် အမေရိကရဲ့ အလိုအရှိ ဆုံးသူကြီးဟာ တရားခွင်ကို ရင်ဆိုင် ဖို့ရာ လမ်းမရှိတော့ပါဘူး။ဒါပေမဲ့ သူ့ကို ရုံးတင်ပြီးမှ မစီရင်သင့်ပေဘူးလား ဆိုတာ မေး စရာရှိလာ ပါ တယ်။ တရားမျှတမှုကို လိုလားသူ တွေကတော့ ကလဲ့စားချေတာ ထက် တရားရင်ဆိုင်ရေးကိုပဲ ဦးစား ပေးသင့် တယ်လို့ဆိုကြလေရဲ့။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီကတော့ ”တရားဥပဒေဟာ စစ်ပွဲထက် ကောင်းပါတယ်။ ဒါပေမဲ့ စရိတ်ကြီးတာလေးတစ်ခုတော့ ရှိတယ်”လို့ ပြောခဲ့ဖူးပါတယ်။

Read more…

ဒီမိုကရေစီနဲ့ အစ္စလာမ်မစ်ကမ္ဘာ

Posted by Popular News on Apr 21st, 2011

၁၉၉ဝနှစ်ကာလတွေမှာ ဒီမိုက ရေစီလှိုင်း တစ်ကမ္ဘာလုံးကို ရိုက်ခတ် တော့ အာဏာပိုင်မင်းတွေ အုပ်ချုပ် နေတဲ့ အစ္စလာမ်မစ် ကမ္ဘာကြီးက မလှုပ်မရှား ငြိမ်သက်နေခဲ့ ပါတယ်။ဒါကြောင့် ကမ္ဘာ့ပညာကျော်တွေက အံ့အားသင့်ခဲ့ကြပြီး အဲဒီဒေသကြီးက ခြွင်းချက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်က စတင်ခဲ့ပြီး အခုထိလည်း ဖြစ်ပေါ်နေဆဲဖြစ်တဲ့ အာရပ်ကမ္ဘာတစ်လွှား ပြောင်းလဲမှုတွေက အစ္စလာမ်မစ် ကမ္ဘာလည်း ခြွင်းချက်မဟုတ်ဘူး ဆိုတာကို ဖော်ပြလိုက်သလို လမ်း ပေါ်နိုင်ငံရေးခေတ်ကုန်ပြီဆိုတဲ့ ထင် ကြေးတွေကိုပါ ပြက်ရယ်ပြုလိုက် သလိုဖြစ်သွားခဲ့ပါတယ်။ ဒီလိုဆိုလို့ အခုအာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေ တဲ့အပြောင်းအလဲ တွေဟာ ချက်ချင်း ပဒေသာ ပင်ပေါက်မယ်၊ အကောင်း တွေချည်းဖြစ်လာမယ်၊ အကုန် ကောင်းမွန်သွားမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့လွတ် လပ်ခွင့်ဆိုတာ ဘယ်လိုဒေသမျိုးမှာ မဆို၊ ဘယ်လူမျိုးမှာ မဆြို>ွခင်းချက် မရှိဘူး။ ဘယ်သူနဲ့တော့မအပ်စပ် ဘူး၊ ဘယ်ဒေသမှာတော့ မဖြစ်နိုင် ဘူးဆိုတာမရှိတဲ့ လောကဝှမ်းလုံး ဆိုင်ရာတရား ဖြစ်နေလို့ပါပဲ။ ဒီ အခြေခံသဘောကို အမေရိကန်နိုင်ငံ ရေးသိပ္ပံပညာရှင် လာရီဒိုင်းမွန်းက သူ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာထုတ်ဝေတဲ့ The Sprit Of Democracy စာအုပ် ထဲမှာထုတ်ဖော်ဆွေးနွေးထားပါတယ်။ လာရီဒိုင်းမွန်းက အစ္စလာမ်မစ်ဟာ ဒီမိုကရေစီ တန်ဖိုးတွေအတွက် အဟန့်အတား ဖြစ်မဖြစ်ကို အဓိက ထား ဆွေးနွေးတင်ပြထားပါတယ်။
Read more…