Archive

Archive for the ‘မြမြင့်မိုရ် (လှိုင်)’ Category

ဝန်ထမ်း အုပ်ချုပ်မှုကို အလေးအနက် ထားပါ

Tuesday, 03 May 2011 16:46
အခွင့်အလမ်း

စက်ရုံ တည်ထောင်သော ကုမ္ပဏီ တစ်ခု အောင်မြင်ရန် အောက်ပါ အချက် သုံးချက်ကို ရှောင်လွှဲ၍ မရပါ။ အလေး ထားရမည် ဖြစ်သည်။

(၁) ဝန်ထမ်းများအား အုပ်ချုပ်မှု (Labour management)

(၂) ကုန်ပစ္စည်းထုတ်လုပ်မှု

(၃) ဈေးကွက် (Marketing)

ဝန်ထမ်းများအား ကွပ်ကဲအုပ် ချုပ်မှုမှာ စက်ရုံပိုင်းဆိုင်ရာ ဝန်ထမ်း များ အုပ်ချုပ်မှုနှင့်ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းအုပ်ချုပ်မှုဟူ၍ နှစ်မျိုးရှိရာ တစ်စုတစ်ပေါင်းတည်းဆွေးနွေးပါမည်။ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ထုတ်ကုန် ပစ္စည်းဈေးကွက်ကိစ္စကို ယခုဆောင်း ပါးတွင် မဆွေးနွေးလိုပါ။ မိမိအနေဖြင့် နိုင်ငံတော်စက်ရုံမှာ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်း စားဝန်ထမ်းတစ်ယောက်ဖြစ်ရာ စက်ရုံ ရှိ ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင် ရာကို အထူးအလေးထားခဲ့ရသည်။ ကုမ္ပဏီများမှ ဝန်ထမ်းများကို မည် ကဲ့သို့ အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်နေ ကြသည်ကို လေ့လာသောအခါ အယူ အဆအားနည်းနေသည်ကို တွေ့ ရသည်။

Read more…