Archive

Archive for the ‘၀ဏ္ဏစိုး’ Category

ဆွန်ယက်ဆင် (၁၈၆၆-၁၉၂၅)

Tuesday, 19 April 2011 07:26 ၀ဏ္ဏစိုး
E-mail Print PDF

(မူရင်းဆောင်းပါးရှင် ကျန်းလန်ရှင်းသည် တရုတ် နိုင်ငံသားဖြစ်ပြီး၊ ဗဟိုပညာရေးသိပ္ပံ အင်စတီကျု ၏ အယ်ဒီတာဘုတ်အဖွဲ့ဝင်၊ ပညာရေးသမိုင်း လေ့လာမှု တွဲဖက်ဒါရိုက်တာ၊ အကြီးတန်း သုတေသန ပညာရှင် ဖြစ်သည်။ ဆွန်ယက်ဆင်၏ ပညာရေး အမြင်များကို ပြုစုရေးသားရာတွင် ထွန်းတောက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်ဘ၀၊ ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး၊ ဆွန်ယက်ဆင်၏ ပညာရေးဆိုင်ရာ တော်လှန်သော အယူအဆများ၊ ပြည်ပမှ ကျောင်းသားများကို ညီညွတ်စေခြင်း၊ ပညာရေး တန်းတူညီမျှမှု၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး၊ ဆွန်ယက်ဆင်၏ ပညာရေးရှုထောင့်စုံ ဟူ၍ ခေါင်းစဉ်ငယ်များဖြင့် တင်ပြခဲ့ပါသည်။ ဘာသာပြန်သူအနေဖြင့် အပိုင်းလေးပိုင်း ခွဲတင်ပြမည်ဖြစ်ရာ အပိုင်း ၁ အဖြစ် ဆွန်ယက်ဆင်၏ ထွန်းတောက်ခဲ့သော တော်လှန်ရေး ခေါင်းဆောင်ဘ၀ အပိုင်းကို ဦးစွာ ဖော်ပြလိုက်ရပါသည်။ ဘာသာပြန်ဆိုသူ)

ဒေါက်တာဆွန်ယက်ဆင်သည် တရုတ်နိုင်ငံ မော်ဒန်ခေတ်သမိုင်း၏ မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦး လည်းဖြစ်၊ ဒီမိုကရေစီတော်လှန်ရေး၏ ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်လေသည်။ ချင်မင်းဆက် ၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာတွင် တရုတ်ပြည်သူများ အား ဆွန်ယက်ဆင်က ဦးဆောင်ခဲ့သည်။အနောက်ကမ္ဘာမှ သိပ္ပံနည်းကျ အသိသုတများနှင့် တရုတ်တို့အား မိတ်ဆက်ပေးခဲ့ပြီး၊ ပညာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အရည်အချင်း မြင့်မားသော ပညာရေးသမား မြောက်များစွာကို ပေါက်ဖွားစေခဲ့သူလည်း ဖြစ်သည်။ သူ၏ အတွေးအခေါ်များသည် တရုတ်နိုင်ငံ၏ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ရာတွင် ယနေ့ထက်တိုင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Read more…