အောင်မြင်သော ခေါင်းဆောင်မှု လျှို့ဝှက်ချက်များ။

by Alex Aung Lin on Thursday, May 19, 2011 at 2:24pm

မကောင်းမြင်တတ်သူများအဖို့ ကိုယ့်ခေါင်းဆောင် မကောင်းကြောင်း ပြောလေ့ရှိသည်။ မကောင်းလျှင် ဘာကြောင့် ကိုယ့်အထက်ရောက်ပြီး ဘာလို့ ခေါင်းဆောင် ဖြစ်နေရတာလဲ ဟူသော မေးခွန်းကို မေးလျှင်လည်း မကြိုက်ချင်ကြ၊ အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကို လိုင်းချော် တွေးနေကြခြင်းသာ ဖြစ်သည်။ အမြဲတမ်း မှားတွေးလေ့ ရှိကြသည်။ ခေါင်းဆောင်ဖြစ်လာခြင်းမှာ ခေါင်းဆောင်နိုင်သော အရည်အချင်း ရှိသောကြောင့်သာ ခေါင်းဆောင် ဖြစ်လာကြခြင်းသာ ဖြစ်သည်။ မျက်မှောက်ခေတ် အဖွဲ့အစည်းများတွင် ခေါင်းဆောင်များသည် သူတို့၏ လျှို့ဝှက်ချက်များကြောင့်သာ ခေါင်းဆောင်နေရာတွင် ရပ်တည်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်မှု စတိုင်ကို ပြန်ကြည့်လျှင် လမ်းညွှန်တတ်သောသဘော၊ ဦးစီးနိုင်သောသဘော ရှိကြသည်။ တစ်နည်းအားဖြင့် Mentors သဘောကို ကောင်းကောင်း နားလည်သူများ ဖြစ်သည်။ လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သည့်သဘော ရှိသူများလည်း ဖြစ်သည်။ ကိုယ်ခေါင်းဆောင်မည့် အဖွဲ့အစည်း၏ အခြေအနေကို ကောင်းစွာ နားလည်တတ်သူများလည်း ဖြစ်သည်။ နောက်ပြီး ပါရမီခံရှိသူ ဖြစ်သည်။

  Read more…

ဘင်လာဒင်ခြံဝင်းအား စီးနင်းရန် အမိန့်ပေးရာတွင် စွန့်စားခဲ့ရပုံကို

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၇ (၁၃ – ၁၉ ၊ ၅ ၊ ၂၀၁၁)

ဝါရှင်တန်-အကြမ်းဖက် အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင် အား အသေပစ်သတ်ခဲ့သော အမေရိကန် တို့၏ လျှို့ဝှက်စီး နင်းတိုက် ခိုက်မှုနီးကပ်လာချိန် ရက်ပိုင်းအတွင်းက မိမိမှာ စိုးရိမ်မှုဖြင့် အကြီးအကျယ် စိတ်လှုပ်ရှားမှုဖြစ်ခဲ့ရကြောင်း သမ္မတဘာရက် အိုဘားမားက ၀န်ခံပြောကြားခဲ့သည်။ သူ၏ အကြံပေးအချို့ဆိုလျှင် ဤအစီ အစဉ်၏ အောင်မြင်နိုင်မှုကို သံသယပင် ရှိခဲ့ကြကြောင်း အိုဘားမားက ပြော သည်။

၁၉၉၃ နှစ်က မိုဂါဒစ်ရှူးတိုက်ပွဲ အကြောင်းကိုလည်း သူပြန်လည် စဉ်းစားမိသည်။ ထိုတိုက်ပွဲတွင် အမေ ရိကန် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ် များမှာ ပြည်သူ့စစ်များ၏ ပစ်ချခြင်း ခံရပြီး အမေရိကန် စစ်သားအလောင်း များကို လမ်းမတစ်လျှောက် ဒရွတ်တိုက် ဆွဲသွား ခဲ့ကြသည်။

Read more…

ဘင်လာဒင် ဘယ်မှာရှိတယ်ဆိုတာကို ကမ္ဘာပေါ်ရှိ ထောက်လှမ်းရေးအဖွဲ့တွေ ဆယ်စုနှစ်တစ်ခုကြာ မသိခဲ့

(အေအက်ဖ်ပီ)
တီအေ ဘာသာပြန်သည်။
အတွဲ ၂၆ ၊ အမှတ် ၅၁၇ (၁၃ – ၁၉ ၊ ၅ ၊ ၂၀၁၁)

အစ္စလမ္မာဘတ်- ပါကစ္စတန်အစိုးရ အဖွဲ့ခေါင်းဆောင်များ နုတ်ထွက်ပေး ရန် ဒေါသတကြီး တောင်းဆိုလာသည် အထိဖြစ်ခဲ့ရသော အိုစမာဘင်လာဒင် အား သတ်ဖြတ်ခဲ့သည့် အမေရိကန် စစ်ဆင်ရေးနှင့်ပတ်သက်၍ ပါကစ္စတန်ဝန်ကြီးချုပ်သည် ပါလီမန်ထဲတွင် တနင်္လာနေ့၌ ရှင်းပြခဲ့သည်။

ပါကစ္စတန်နိုင်ငံသားများသည် မိမိ တို့နိုင်ငံထဲ အမေရိကန်တို့ ၀င်ရောက် တိုက်ခိုက်မှု၊ ဘင်လာဒင်ပုန်းအောင်း နေမှုကို ပါကစ္စတန် စစ်တပ်က မသိမှုနှင့်ဘင်လာဒင်နှင့်ပင် ပူးပေါင်းဆောင်ရွက်နေသလားဟု ထင်မြင်မှုတို့ကြောင့် လူထုက အကြီးအကျယ် ဒေါသထွက် နေကြသည်။

ဤအဖြစ်အပျက်ကြောင့် အင်အား ကြီးမားလှသော ပါကစ္စတန်စစ်တပ်ကို အကြီးအကျယ်ထိခိုက်စေသည်။ အစိုးရခေါင်းဆောင်များ ကိုလည်း ပါလီမန်ထဲ၌ ထိုကိစ္စကို ရှင်းပြရန် အတင်းအကျပ် တောင်းဆိုခဲ့ကြသည်။

Read more…

ဘင်လာဒင်အလွန် ပါကစ္စတန်အကြောင်း ပါဗက်ဇ်မူရှာရက်ဖ်နှင့် အမေးအဖြေ

မတည်ငြိမ်မှုက တိုးပွားလာနေတယ် ထင်တာပဲ
ဘင်လာဒင်အလွန် ပါကစ္စတန်အကြောင်း ပါဗက်ဇ်မူရှာရက်ဖ်နှင့် အမေးအဖြေ

7 Day News 10-9.pdf  စာမျက်နှာ – ၄၆

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ အလက်ဆန်အိုတာရာ (ရဲမင်း)

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ အလက်ဆန်အိုတာရာ (ရဲမင်း)
7 Day News 10-9.pdf  စာမျက်နှာ – ၄၅

နန်းကျဘုရင် ဟို့စနီမူဘာရက် (ကြည်နေ၀င်းမင်း)

နန်းကျဘုရင် ဟို့စနီမူဘာရက် (ကြည်နေ၀င်းမင်း)

7 Day News 10-9.pdf  စာမျက်နှာ – ၃၆

လွတ်တော်နိုင်ငံရေး – ဒေါက်တာမြတ်ဥာဏစိုး (NDF)

လွတ်တော်နိုင်ငံရေး – ဒေါက်တာမြတ်ဥာဏစိုး (NDF)

7 Day News 10-9.pdf  စာမျက်နှာ – ၃၂

သတင်းစာတခေတ်က ပင်တိုင်ဆောင်းပါးရှင် (ချမ်းငြိမ်း)

သတင်းစာတခေတ်က ပင်တိုင်ဆောင်းပါးရှင် (ချမ်းငြိမ်း)

ဖတ်ရှုရန် – 7 Day News 10-9.pdf  စာမျက်နှာ – ၂၆

ဆိုင်ဘာစစ်ပွဲများနှင့်အာရပ်ကမ္ဘာ

Tuesday, January 25, 2011, 10:00 PM


လက်နက်ကိုင်တော်လှန်ရေးအကြောင်းမကြာခဏာလာပြောတတ်တဲ့၊မိတ်ဆွေတချို့ကို၊အမေရိကန်အမျိုးသားလုံခြုံရေးဘာသာရပ်မှာ သင်ကြားလေ့ရှိတဲ့စိုးရိမ်မှုတွေအကြောင်း၊ ဆွေးနွေးကြည့်ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုကိုအကြမ်းဖက်တိုက်ခိုက်မဲ့သူတွေဟာ ဇီဝဗေဒနည်းပညာတွေကို အမေရိကန်တက္ကသိုလ်တွေဆီမှာသင်ယူပြီး၊ နိုင်ငံတွင်းမှာလက်နက်အဖြစ်အသုံးချတိုက်ခိုက်လာနိုင်တယ်။ ဆိုင်ဘာ အကြမ်းဖက်မှုတွေကလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ ဒါကြောင့် အဲ့ဒီ အန္တရာယ်နှစ်ခုကို အဆက်မပြတ်စောင့်ကြည့်ကာကွယ်နေရတယ် လို့ဆိုတယ်။ Biomedical Engineering၊ Biotech ဆိုတာ တိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်စားနေတဲ့ဘာသာရပ်တခုဖြစ်လာသလို၊ ဆိုင်ဘာ တိုက်ခိုက်မှုနည်းပညာတွေကလည်း မျိုးဆက်သစ်လူငယ်တွေအတွက် ဆန်းသစ်တီထွင်စရာနယ်ပယ်တခုလိုဖြစ်နေခဲ့တယ်။
တူနီးရှားနိုင်ငံရဲ့လှုပ်ရှားမှုမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ကိုတွေ့ရတယ်။
အစိုးရက ဒီမိုကရေစီရေးလှုပ်ရှားသူတယောက်ယောက်ရဲ့ ကွန်ပြူတာကို ဟက်ခ် လုပ်မိပြီဆိုရင်၊
ကျန်တဲ့ ကွန်ပြူတာတွေရဲ့ မျက်နှာပြင်မှာ “ အန်မာ- ၄၀၄” ဆိုတဲ့ အစိုးရဆင်ဆာအဖွဲ့နာမည်ပေါ်လာပြီး လှုပ်ရှားသူတွေအားလုံးကို သတိပေးလိုက်တယ်။ ကျန်တဲ့သူတွေက အမြန်ဆုံးခြေရာဖျောက်နိုင်ခဲ့ပြီး၊
နောက်ထပ် ဆက်သွယ်ရေးကွန်ယက်တခုကိုတည်ဆောက်ကြပြန်တယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အစိုးရကြားမှာ ဆိုက်ဘာတိုက်ခိုက်မှုတွေကြိတ်ဖြစ်နေခဲ့တာ ရက်အတော်ကြာနေပြီ။

Read more…

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

Wednesday, May 18, 2011

လူထုစိန်ဝင်း

(၂၀၁၁ ခုနှစ် မတ် ၁၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာက လွတ်လပ်ရေး ရပြီးထဲက ဘယ်အစိုးရ လက်ထက်မှာမှ တရားဥပဒေကို လိုက်နာတဲ့ အစိုးရ မရှိသေးဘူးလို့ ဆိုသွားသလို ကွန်မြူနစ်ဝါဒဟာ အာဏာရှင် စနစ် မဟုတ်ဘူးလို့ ဆိုသွားတာကို သုံးသပ်နိုင်ဖို့ မျှဝေ ပေးလိုက်ပါတယ်။)

လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့ တိုင်းပြည် နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘော အကြိုက်ညီဆုံး အဖြေကတော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲ ဆိုတာ ဖြစ်တယ်။

ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ဖို့ပဲ အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနား နေကြမှာပဲ။

ဒီလို ကွဲပြား ခြားနား တာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွား နေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုး တစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ တရား ဥပဒေကို တိတိကျကျ လေးစား လိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။

Read more…