Archive

Archive for the ‘စာရေးဆရာအလိုက်’ Category

ပညာမာနဆိုတာ ထားကောင်းပါတယ်

Posted by Popular News on Mar 29th, 2011

မြို့ကြီးသား ပညာတတ်လူ လည်ရေပေါ်ဆီ (အီလစ်)တွေ အကြောင်း မကြာ ခဏ ရေးနေတာကို တွေ့ တဲ့ ကျောင်းနေ ဘက်သူငယ်ချင်း တစ်ယောက်က သတိပေးတယ်။ လူငယ်တွေက ပညာတတ် ဆန့် ကျင်ရေးလို့ မြင်သွားရင် မကောင်း ဘူးလို့ ထောက်ပြတယ်။

အကြောင်းပြချက်နှစ်ချက်သူပြောတဲ့ထဲမှာ အချက်နှစ် ချက်ပါတယ်။ ပထမတစ်ချက်က ပညာတတ် လူတန်းစားဆိုတာ တိုင်းပြည်တည်ဆောက်ရာမှာ မပါမဖြစ် လူတန်းစားဖြစ်တယ်။ သူတို့ကို ဆန့်ကျင်ရှုတ်ချပြီး ဘေး ဖယ်ထုတ်ထားရမှာ မဟုတ်ဘူး။ အတူလက်တွဲပြီး လုပ်ဆောင် ကြရမှာဖြစ်တယ် ဆိုတာက ပထမ အချက်ဖြစ်တယ်။ ဒုတိယအချက်က တော့ တချို့လူငယ်လေးတွေက အဓိပ္ပာယ် အကောက်အယူ လွဲ မှားပြီး ပညာကို တန်ဖိုးမထား တော့ဘဲ မုတ်ဆိတ် ကျင်စွယ် ဗလပျစ်နဲ့ ဆံရှည်ဘုတ်သိုက် ထားပြီး အရက်ဆိုင်ထဲမှာမှ သစ္စာတရား ရှာလို့ရတယ်ဆိုတဲ့ ဘိုဟီးမီးယန်း အတွေး အခေါ်တွေ ဝင်သွားနိုင်တယ်ဆိုတဲ့ အချက် ဖြစ်တယ်။ သာဓကအားဖြင့် သူတို့ ကျွန်တော် တို့ ငယ်စဉ်အခါက ရန်ကုန်ဘဆွေ၊ အောင်လင်း၊ မြင့်ကျော်၊ မြင့်နီ၊ ကရမက်စတဲ့ စာရေးဆရာတွေရဲ့စာတွေကို စွဲ လမ်းပြီး ပင်နီတိုက်ပုံဝတ်၊ ခုံဖိနပ် စီးခဲ့ကြတာတွေနဲ့ စားသောက် ဆိုင်ထဲဝင်ပြီး ဘီယာတစ်ခွက်ပေး လို့ မှာခဲ့ကြတာတွေကို ရယ်သွမ်း သွေးရင်းထောက်ပြတယ်။

Read more…

နပ်ဖ်မြစ် ခြားနေသော်လည်း နားလည်မှုတွေ မခြားနားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်

Posted by Popular News on Apr 1st, 2011

နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni နှင့် ၂၃-၃-၂ဝ၁၁ မွန်းလွဲပိုင်းတွင် ၄င်း၏ဧည့်ခန်း၌ တွေ့ဆုံစဉ်
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး Mr. Abul Kalam Azad နှင့် ဝန်ကြီး ရုံးဧည့်ခန်း၌ ၂၃-၃-၂ဝ၁၁ နံနက်ပိုင်းတွင် တွေ့ဆုံစဉ်
နိုင်ငံခြားရေးအတွင်းဝန် Mr. Mohamed Mijarul Quaye ကို ၄င်းတည်ခင်းဧည့်ခံသော ညစာစားပွဲတွင် တွေ့ရစဉ်

မိုးမျှော်အဆောက်အအုံများ ရှိသလို တဲအိမ်လေးများလည်း ရှိသည်။ ရောင်စုံပြိုးပြက်သော ကြော်ငြာ ဆိုင်း ဘုတ်များရှိသလို ရွဲ့စောင်း ဟောင်းနွမ်းမှု များလည်းရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာ၏ သိသာထင်ရှားသော မြင်ကွင်းမှာ လမ်းတစ်လျှောက် ရှုပ်ထွေးကျပ် တောက်သော ကားများနှင့် ဆူညံ သော ကားဟွန်းသံများပင် ဖြစ်သည်။ သို့သော်-
စံချိန်စံညွှန်းများဟူသည် အမြဲတစေ ပုံသေနည်းကျ ကိုက်ညီနေမည် မဟုတ်သလို နှိုင်းယှဉ် သုံးသပ်ရန် လည်း မသင့်ဟု ထင်ပါ သည်။
ကျွန်မကတော့ လူတွေကိုပဲ စိတ်ဝင်စားပါသည်။

Read more…

ဆီးရီးယားနိုင်ငံမှ အာဏာရှင်သားအဖနှစ်ယောက်

Tuesday, April 5, 2011, 3:53 PM


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အာဏာသိမ်းအစိုးရဟာ
(၁) တိုင်းရင်းသားလူမျိုးစုတွေရဲ့တန်းတူရေး၊ဒီမိုကရေးရေးတွေကိုဖြေရှင်းဖို့မကြိုးစားခဲ့သလို
(၂)ထောင်သွင်းအကျဉ်းချထားတဲ့နိုင်ငံရေးသမားတွေကိုလည်း၊ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။
လက်ရှိအစိုးရသစ်ဟာ ဗိုလ်ချုပ်နေဝင်းနဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့အမြစ်ပြတ်ချေမှုန်းရေးအတွေးအခေါ်နောက်ကိုမလိုက်ပဲ၊
တွေ့ဆုံဆွေးနွေးရေး၊နိုင်ငံရေးအကျဉ်းသားများကိုချွင်းချက်မရှိပြန်လွှတ်ပေးရေး၊အမျိုးသားညီညွတ်ရေးကိုပြန်လည်ဖေါ်ဆောင်ရေး–စတဲ့
အချက်တွေကိုဦးစားပေးလုပ်စေချင်တယ်။ဒီအချက်တွေကိုအကောင်အထည်ဖေါ်မလုပ်ဆောင်နိုင်ရင်၊ကြိုက်တဲ့အစိုးရဖွဲ့ပါ။
အခက်အခဲပေါင်းများစွာ၊ပြည်သူတွေရဲ့အန်တုမှုပေါင်းများစွာနဲ့ရင်ဆိုင်ရအုံးမှာ အမှန်ပါ။

Read more…

အစိမ်းရောင်အိပ်မက်များ

Wednesday, March 2, 2011, 12:38 AM


အရှေ့အလယ်ပိုင်းဒေသဆီမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ၊ အမေရိကန်ပြည်ထောင်စုမှာ ဓါတ်ဆီဈေးတွေ
တရိပ်ရိပ်တက်လာတယ်။ လေစ်ဗျားနိုင်ငံ နဲ့ မြောက်အာဖရိက မှ ထုတ်လုပ်တဲ့ ရေနံတွေကို အဓိက ဝယ်ယူသုံးစွဲနေသူတွေဟာ ဥရောပနိုင်ငံတွေဖြစ်ပေမဲ့၊ ဈေးကွက်မတည်ငြိမ်မှုတွေက တကမ္ဘာလုံးဆီကို ရိုက်ခပ်လာခဲ့တယ်။
၁၉၆၀ ကာလမှာ ဓါတ်ဆီဈေးဟာ အမေရိကန်ဒေါ်လာ (၃) ဒေါ်လာပဲရှိတယ်။
(Barrel တလုံးဈေးနဲ့တွက်တာဖြစ်တယ်။ 1 Barrel= 42 gallions ရှိတယ်။)

Read more…

တရားမဝင်အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့ရပေမဲ့—

Monday, February 7, 2011, 11:56 PM

အမေရိကန်ပြည်ထောင်စုမှာ အရှေ့အလယ်ပိုင်း နိုင်ငံရေး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေးဘာသာရပ်တွေကို လေ့လာသင်ယူတဲ့ ကျောင်းသားတော်တော်များများဟာ“ ပရောဖက် မိုဟာမက်” “ ကိုရန် ကျမ်းစာ” နဲ့ “ ရှရီရာ” ဥပဒေသတွေကို
သင်ကြားကြရတယ်။အရှေ့အလယ်ပိုင်းမြေပုံတွေမှာ စစ်ရေး၊ စီးပွားရေးအရေ အရေးပါမဲ့နယ်မြေတွေအားလုံးကို အလွတ်ကျက်ရတယ်။
ဟက်စ်ဘိုလာ၊ ဟားမတ်စ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့၊ အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တွေအပါအဝင်၊ အော်ကိုင်းဒါး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ယီမင်၊ ပါကစ္စတန်၊ အာဖကန် နိုင်ငံတွေဆီက အစ္စလာမ်စစ်အုပ်စုတွေရဲ့အမူအကျင့်တွေ၊ လူသစ်စုဆောင်းပုံတွေ၊ သူတို့အဖွဲ့တွေကြားက တူညီမှု၊ အငြင်းပွားမှု၊ မုန်းတီးမှုတွေကို ဆက်လက်လေ့လာကြရတယ်။

Read more…

ပြောင်းလဲနေသော အာရပ်ကမ္ဘာနှင့် ပြောင်းလဲနေသော အာရပ်မီဒီယာ

Posted by Popular News on May 9th, 2011

ဒေသတွင်းနိုင်ငံရေးလိုပဲ အာ ရပ်ကမ္ဘာကြီးရဲ့သတင်းစာတွေဟာ ကြီးမားတဲ့အပြောင်းအလဲနဲ့ ရင်ဆိုင် နေကြရပါတယ်။
‘လူသားစားဘီလူးကြီး ပုန်းအောင်းနေရာမှ လွတ်မြောက်သွား ခြင်း’၊ ‘ဘိုနာပတ်ဟာ အလွန်လျင် မြန်စွာချီတက်လာနေပေမယ့် ပဲရစ်ကိုလုံးဝ ဝင်ရောက်နိုင်မည်မ ဟုတ်’၊’ဘုရင်မင်းမြတ်သည် သူ့ သစ္စာခံများနှင့်အတူ ကျူလာရီသို့ ယမန်နေ့ကဝင်ရောက်သွားခဲ့ခြင်း’။၁၈၁၅ မှာ နပိုလီယံကို ဘီလူး သရဲအဖြစ်ကနေ အမွှမ်းတင်ရေး သားမှုကိုပြုလုပ်ရာမှာ ပြင်သစ် သတင်းစာLe Moniteur ဟာ ၁၃ ရက်ပဲအချိန်ယူခဲ့ရပါတယ်။ အီဂျစ်က နိုင်ငံပိုင်ထိပ်တန်း သတင်းစာဖြစ်တဲ့ အယ်လ်အာရမ်က သူ့ရဲ့ရေးသား ချက်တွေ ဂငယ်ကွေ့ကွေ့သွားစေဖို့ အချိန်ယူရာမှာ ရက်နည်းနည်း လေး ပဲပိုကြာခဲ့ပါတယ်။အဲဒီအယ်လ် အာရမ်သတင်းစာဟာ အီဂျစ်က မူဘာရက် အစိုးရအတွက် မဝံ့မရဲနဲ့ ကာကွယ်ပြောဆိုပေးသူအဖြစ် ကာ လရှည်ကြာကတည်းက ရှုမြင်သတ် မှတ်ခံခဲ့ရပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရို မြို့က တာရီရာရင်ပြင်မှာ ဆန္ဒပြ သူတွေနဲ့ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုဖြစ်အပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ထုတ် သတင်းစာမှာ အမျိုးသားနေ့မှာ ရဲတပ်ဖွဲ့ကိုပေးတဲ့ ပန်းတွေနဲ့ ချောကလက်တွေအကြောင်း သိမ်ဖျင်းတဲ့ဇာတ်လမ်းကို မျက်နှာဖုံး မှာတင်ခဲ့ပါတယ်။ မူဘာရက်သမ္မတ ရာထူးကနုတ်ထွက်သွားပြီးနောက် တစ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့မှာတော့ အယ်လ်အာရမ် သတင်းစာဟာ သံစဉ်သစ်ကိုပြောင်း သွားခဲ့ပါတယ်။  မူဘာရက်ရာထူးက ထွက်သွားတဲ့အတွက် အီဂျစ်လူငယ် လေးတွေကို ချီးကျူးဂုဏ်ပြုလိုက် ပြီး ”ပြည်သူတွေဟာ အစိုးရကို ဖြုတ်ချလိုက်ပြီ”လို့ ကြွေးကြော် လိုက်ပါတယ်။ ဒါဟာသာတဲ့ဘက် ကို ပြောင်ပြောင်တင်းတင်းပဲ ပြောင်း သွားခဲ့ တာလား၊ ဒါမှမဟုတ် ကာလ ရှည်ကြာ ထိန်းချုပ်ခံခဲ့ရတဲ့ဂျာနယ် လစ်တွေက ထိန်းချုပ်မှုတွေ ကင်းမဲ့ သွားတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့တာလား။ နှစ်ခုစလုံး အတော့်ကို ဖြစ်နိုင်ခြေရှိပါတယ်။နှစ်မျိုးစလုံးဟာ အာရပ်ကမ္ဘာရဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အံ့ဘနန်းအပြောင်း အလဲတွေကို ထင်ဟပ်နေခဲ့ပါတယ်။
Read more…

အီဂျစ်သမ္မတ ဟို့စနီမူဘာရက်

အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ

သိအောင် ဖတ်မှတ်၊ လေ့လာခြင်းဖြင့် (ခန့်ကျော်ထင်လှိုင် – လွိုင်ကော်)

၂၅ နှစ်တိုင်ခဲ့ပြီ (ကြည်နေ၀င်းမင်း)